ပအို့ဝ်ပဲပုပ်ချပ်အဝိုင်း သေးလေးတွေကို နေလှန်း ...မီးသွေးမီးနဲ့ကင်ပီးမှ ... mixerနဲ့ ကြိတ်ထားတာပါ ....နဂိုပဲပုပ်အရသာကိုက လေးလေးနှစ်နှစ် ရှိနေပီမို့ အပိုအဆာပလာတွေအနေနဲ့ ပန်းရောင်ဆား နဲ့ ငရုတ်သီးမှုန့် ပဲ ထပ်ထည့်ထားပါတယ် ... ❌️ အချိုမှုန့်လုံးဝမသုံးထားပါ ...
ပဲပုပ်ထမင်းသုပ် / ရှမ်းထမင်းသုပ် စားဖို့ဆို ဒီအမှုန့်လေးနဲ့ ဆီလေးလူးပီး ထမင်းနဲ့နယ်လိုက်ရုံပါပဲနော်
ကြက်ဥပေါင်း 🥚ဟော့ဒေါ့ချောင်း🍢 အချဥ်ပေါင်း 🍍🍐🍋 တွေနဲ့ ဒီအမှုန့်ကို တို့စားတတ်တယ်
အိမ်မာ 🍱အသားကင်စားလို့ အချဥ်လုပ်ရင် အရသာလေးပီး မွှေးနေအောင် ဒီအမှုန့်လေးနည်းနည်းထည့်လို့လည်းရပါသေးတယ်နော်
ဆေးခါးဟင်း / ရှမ်းဟင်းရည်ချက်ရင်လည်း ထည့်သုံးလို့ရတယ်