ရှမ်းခေါက်ဆွဲ / ရေစိမ်ခေါက်ဆွဲ နဲ့ The Hometown ရဲ့ ဆီတို့ဟူး
🍲🍲🍲
ဒီဖက်ရှမ်းပြည်မှာ ရှမ်းခေါက်ဆွဲတို့ ရေစိမ်တို့ကိုစားတဲ့အခါ ဆီတို့ဟူးထည့်စားလေ့ရှိကြပါတယ် ... The Hometown ရဲ့ဆီတို့ဟူးက အတုံးအမာလေးတွေမဟုတ်ပဲ ... အနှစ်က ပျော့ပျော့လေး ဖြစ်တာရော... အရသာက လေးလေးပင်ပင်ရှိတာရော ...ဂျင်းနံ့သင်းသင်းလေးပါတတ်တာရောကြောင့် ခေါက်ဆွဲတွေနဲ့ အလိုက်ဖက်ဆုံး ပါပဲ...
အိမ်မှာလုပ်မယ့် ရှမ်းခေါက်ဆွဲတွေမှာ မြည်းစမ်းကြည့််တဲ့အနေနဲ့ ထည့်စားကြည့်ဖို့လည်း ပြောလိုက်ပါရစေရှင့် ...
သန့်ရှင်းလတ်ဆတ်တဲ့ အထားခံဓာတုပစ္စည်းများမပါသောကြောင့် မှိုတက်လွယ်တာကိုတော့ သတိပြုရပါတယ်...
* ဒီဘူးထဲ က ဆီတိုဟူးအနှစ်တုံးလေးတွေကို ... ကျွန်မတို့ ညောင်ရွှေ #အောင်လံဆီစက် မှ ကုန်ကြမ်းမြေပဲလုံးဆံသာ အသုံးပြုကြိတ်ခွဲထားသည့် ၁၀၀% မြေပဲဆီစစ်စစ်နဲ့ ဆီစိမ်ထားပေးပီးမှ Pack လုပ်ထားတာပါရှင့် ... အသင့်စားသုံးရုံပါပဲနော်