"ဖိုးဖိုး ငရုတ်သီးဆားထောင်း"
ESHMIတို့ ရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံး တခုကိုပြောပါဆိုရင်
"ဖိုးဖိုး ငရုတ်သီးဆားထောင်း" လေးပါလို့ ပြောပါရစေ။
ငရုတ်သီးဆားထောင်း ဖြစ်ပါလာပုံက ဒီလို...
အိစံရဲ့ အဖေက သွေးတိုးရှိတော့ သူက ပုဇွန်ခြောက်တို့ ငါးခြောက်တို့မစားဘူးပေါ့နော်။ အဲ့တော့ အဖေက ငရုတ်သီးဆားထောင်းကြိုက်တော့ သူ့စိတ်တိုင်းကျ သေချာထောင်းတာပေါ့။
သူကိုယ်တိုင်ထောင်းပြီး သူကိုယ်တိုင်စားသလို အိစံတို့ကိုလဲ စားစေချင်တော့ USA အထိကို သေချာထုတ်ပိုးပြီး အမြဲပို့ပေးတာ။ အိစံတို့ကလဲ ကြိုက်မှကြိုက်ပဲ။ အိစံရဲ့ သားအကြီးလေးဆိုရင် ထမင်းစားတိုင်း အမြဲထည့်စားတယ်။
အိစံဆိုရင် ထမင်းစားခါနီး ငရုတ်သီးဆားထောင်းလေးကို ထည့်ပြီးရင် အရင်ဆုံး အနံ့လေးအရင်ရှူသေးတာ။ အမလေးမွှေးလိုက်တာနော်ဆိုပြီး ပြောပြောပြီးကိုစားတော့တာပါ။
အဲ့တော့ အခုက အဲ့ငရုတ်သီးဆားထောင်းလေးကို အခြားသူတွေလဲ စားလို့ရအောင်ဆိုပြီး မြန်မာပြည်ဘက်ကနေပြီး ထုတ်လုပ်လိုက်ပါတယ်။ အိစံတို့ ကလေးတွေရဲ့ အဖိုး၊ အိစံရဲ့ အဖေ လုပ်လုပ်ပေးတဲ့ ငရုတ်သီးဆားထောင်းလေးမို့ "ဖိုးဖိုး ငရုတ်သီးဆားထောင်း"လို့ နာမည်ပေးထားတာပါနော်။
ငရုတ်သီးကိုလဲ စပ်ပေ့ ကောင်းပေ့ သန့်ပေ့ဆိုတာ ရွေးပြီးလုပ်ထားတာမို့ "စပ်လဲစပ်၊ မွှေးလဲမွှေးတဲ့အပြင် မှိုကင်းစင်တဲ့ ငရုတ်သီးဆားထောင်း"လေးဆိုတော့ ဘာလိုသေးလဲလို့။